Saturday 20 June 2015

Cyberlink PowerDirector 8.0 Introduction


တည်ဖြတ်တဲ့စာအုပ်လေးပါဆော့ဝဲသာရှိပြီးကျွန်တော့လိုမျိုးပေါ့
မတက်သေးရင်အဲ့လိုစာအုပ်လေးဒေါင်းပြီးကြည့်လိုက်လုပ်လိုက်
ပေါ့နော်သယ်ချင်းတို့ အဆင်ပြေကြပါစေ
အမှားပါရင်ခွင့်လွှတ်ပေးပါကျွန်တော်ဆရာမဟုတ်ပါ




DOWNLOAD

Friday 19 June 2015

computer၀ယ်မယ်ဆိုသိထားရမဲ့အချက်များလေ့လာလိုက်ပါ



DOWNLOAD
ကွန်ပျူတာတွင်ဖုန်းဆော့ဝဲရဲ့apkများမြင်အောင်ပြုလုပ်နည်းပေးတားတဲ့လင့်ကိုဒေါင်းပြီးinstallလုပ်ရုံပါဘဲမခက်ခဲပါဘူးသိပြီးသားဆရာများကျော်သွားပေးပါ




Friday 5 June 2015

ကင်မရာ ဝယ်တော့မယ်ဆိုရင် လေ့လာလိုက်ပါ


(( ကင်မရာ ဝယ်တော့မယ်ဆိုရင် ....... ))
ဓာတ်ပုံရိုက်ချင်တယ်..။ ဘယ်ကင်မရာ ၀ယ်ရမလဲ..။ ဘယ်မှန်ဘီလူး ၀ယ်ရမလဲ..။ ငွေဘယ်လောက် သုံးရမလဲ…။
Nikon ကောင်းလား Canon ကကောင်းလား Sony ကရော ဘယ်လိုနေလဲ…။ စတဲ့ မေးခွန်းတွေကို ခဏခဏ မေးတတ်ကြပါတယ် ။တကယ်တော့ ~
Canon ပဲ ဖြစ်ဖြစ် Nikon ပဲ ဖြစ်ဖြစ် အဓိက က ကိုယ်ရိုက်ချင်တဲ့ ဓာတ်ပုံကို လူက လိုက်ရိုက်ပေးနိုင်ဖို့ပဲ လိုပါတယ်…။
တစ်ခုစီမှာ အားနည်းချက် အားသာချက်တွေ ကိုယ်စီ ရှိကြပါတယ်…။
ဓာတ်ပုံကို ၀ါသနာပါတယ် ဘယ်လိုကင်မရာ ၀ယ်ရမလဲ..။ ဘယ် Brand ၀ယ်ရမလဲဆိုရင်တော့…။ အရင်ဆုံး ကိုယ့်ကိုယ်ကို ပြန်မေးပါ..။
(၁) ငါ ဘယ်လို ဓာတ်ပုံမျိုးကို ရိုက်ချင်တာလဲ …။
(၂) ငွေဘယ်လောက် သုံးနိုင်မလဲ…။
ဆိုတာပါပဲ…။
ကင်မရာတွေကို အကြမ်းဖျင်းအားဖြင့် Bridge အုပ်စု နဲ့ DSLR အုပ်စု ဆိုပြီး GROUP နှစ်ခု ခွဲခြားမှတ်သားနိုင်ပါတယ် ။
Bridge ဆိုတာ ကင်မရာရဲ့ဘော်ဒီမှာ သင့်တော်တဲ့ မှန်ဘီလူး( lens ) တစ်လုံးကို အသေတွဲတပ်ဆင်ပြီး ထုတ်လုပ်ရောင်းချတဲ့ကင်မရာမျိုးတွေပါ ။Lens ကို အသေတပ်ဆင်ထားတာမို့ Bridge ကင်မရာတွေဟာ DSLR ကင်မရာတွေလို lens အမျိုးမျိုးပြောင်းတပ်လို့မရပါဘူး ။
ဒါပေမယ့်လည်း Bridge တွေဟာ DSLR ကင်မရာတွေ နီးပါးရိုက်လို့ရပါတယ်…။
Shutter Mode (TV/S), Aperture Mode (AV/A), Manual Mode (M) စတဲ့ DSLR မှာပါတဲ့ Function တွေ အားလုံး (နီးပါး) ပါဝင်ပါတယ်…။
DSLR ထက် အားသာတဲ့အချက်က Lens လဲစရာမလိုပဲ Range တော်တော်စုံစုံ ကို ရိုက်လို့ရပါတယ်….။ပီးတော့ DSLR ကင်မရာတွေထက်လည်း ဈေးနှုန်းချိုသာပါတယ် ။
DSLR ထက် အားနည်းချက် (အဓိက အားနည်းချက်) က တော့ Sensor Size သေးလွန်းခြင်းနဲ့ DSLR တွေလောက် ISO မနိုင်ခြင်းပဲ ဖြစ်ပါတယ်…။
အဲ့ဒီ့အတွက် အဖြေကရှင်းပါတယ်..။ ရိုက်နိုင်သလားဆိုတော့ ရိုက်နိုင်တယ်..။ ဒါပေမယ့် ပုံထွက်ပိုင်းမှာတော့ တော်တော်သိသိသာသာလေး ကွာသွားနိုင်ပါတယ်…။
DSLR ကင်မရာရဲ့ပုံထွက်ကို Bridge ကင်မရာတွေက ဘယ်လိုမှ မမှီပါဘူး ။
ပုံအရည်အသွေးဟာ ဓာတ်ပုံဝါသနာရှင်/ပညာရှင် တစ်ယောက် အတွက် အသက်ဖြစ်တဲ့အတွက် DSLR ကင်မရာတွေကို အသုံးများကြပါတယ်…။
DSLR ဆိုတာ နာမည်ကိုက Digital Single Lens Reflex ကို အတိုကောက် DSLR လို့ခေါ်ကြတာမို့ သူ့နာမည်ရဲ့ဆိုလိုရင်းအတိုင်း
ကိုယ်ရိုက်ချင်တဲ့ Photography အမျိုးအစား တစ်ခုစီအတွက် မဖြစ်မနေ (ဖြစ်နိုင်ရင်) Lens တစ်ခုစီကို ပြောင်းလဲ အသုံးပြုဖို့ လိုပါလိ့မ်မယ်..။
ဥပမာ ပန်းပွင့်လေးတွေ ပုရွက်ဆိတ်လေးတွေ လိပ်ပြာလေးတွေကို အနီးကပ်အလှ ရိုက်ချင်တယ်ဆိုရင် Macro Lens … ရှုခင်းတွေကို ရိုက်ချင်တယ်ဆိုရင် Ultra Wide Lens … မော်ဒယ်အလှပုံ တွေ - Net Geo တို့ Discovery channel တွေကလို သဘာဝတောတရိစ္ဆာန်လေးတွေရဲ့
Wild Life ကို ရိုက်ချင်တယ်ဆိုရင် Tele Lens စသဖြင့် ကိုယ်ရိုက်ချင်တဲ့ အပေါ်မှာ မူတည်ပြီး အသုံးပြုရမယ့် Lens တွေကွဲပြားသွားပါတယ်…။
အရေးကြီးတဲ့အချက်က စ ၀ယ်မယ့်သူတော်တော်များများဟာ DSLR ကို မြင်တိုင်း Professional Camera လို့ ထင်ကြပါတယ်..။
အမှန်တစ်ကယ်ဆို DSLR တိုင်း Professional Camera မဟုတ်ပါဘူး…။ DSLR Camera တွေမှာ Level လေးခုရှိပါတယ်..။
(1) Entry Level –
ဒါကတော့ ကင်မရာကို ခုမှစ ထိတွေ့သုံးစွဲတဲ့သူတွေအတွက် သုံးရတာ လွယ်ကူအဆင်ပြေအောင် ထုတ်လုပ်ရောင်းချတဲ့ ကင်မရာတွေပါ ။ ဥပမာ ~
Canon ကင်မရာမော်ဒယ်တွေမှာဆိုရင်
1100D, 550D, 600D, 650D, 700D
Nikon ကင်မရာမော်ဒယ်တွေဆိုရင်
D60, D3000, D3100, D5000, D5100, D5200
စတဲ့ ကင်မရာတွေဟာ entry level တွေပါ ။
(သိသာတဲ့အချက်က Entry Level DSLR Body တွေမှာ Top Panel Display မပါပါဘူး)
(2) Semi-Pro Level –
ဒါကတော့ အပျော်တမ်းဝါသနာကြီးသူတွေ အတွက် နည်းနည်းပိုကလိလို့ရ တဲ့ အတန်းပေါ့ ။ ဈေးလည်း entey တွေထက် နည်းနည်းလေးပိုလာမယ် ။
Canon မှာဆို 50D, 60D
Nikon မှာဆို D90, D7000, D7100 , D7200
(3) High End Semi-Pro-
ဒါကတော့ ကြေးစားသတင်းထောက်တွေ - မှတ်တမ်းသမားတွေအတွက် အထူးသင့်တော်ပါတယ် ။ဈေးလည်း ပိုပေးရ လာပါပြီ ။
Canon မှာဆိုရင် 7D , 6D , 7D mark 2
( 7D ဆိုရင် ဟောလိဝုဒ်/ ဘောလိဝုဒ် စတဲ့ နိုင်ငံတကာရုပ်ရှင်နယ်ပယ်တွေမှာ ရုပ်ရှင်ဇာတ်လမ်းရိုက်တဲ့ ကင်မရာအဖြစ်တောင် သုံးကြပါတယ် )
Nikon မှာဆိုရင်တော့ D300, D300sစတာတွေပေါ့ ။
(4) Pro Level –
ဒါကတော့ ပရော်ဖက်ရှင်နယ်ဘွက တစ်ပြားသားမှအလျှော့မပေးနိုင်ဘူးဟေ့ ဆိုတဲ့သူတွေအတွက်ပေါ့ ။
Canon မှာဆိုရင်
5D Mark II , 5D Mark III , 1DS Series, 1DX
Nikon မှာဆိုရင်
D700, D800, D800s, D3s, D3x, D4- စတာတွေပေါ့ ။
နောက်တစ်ခုက Camera Body တစ်ခုနဲ့ တစ်ခုကို တန်းမတူတာတွေ မညှိဖို့ လိုပါတယ်..။
ဥပမာ Nikon က D90 ကို Canon က 5D Mark II နဲ့ ညှိ လို့မရသလို…။ Canon က 7D ကိုလည်း Nikon က D700 နဲ့ သွားညှိ လို့မရပါဘူး..။
Line Up မတူပါဘူး..။ ယှဉ်ချင်ရင် Nikon D90 နဲ့ Canon 50D, 60D (သို့မဟုတ်) Nikon D300s နဲ့ Canon 7D (သို့မဟုတ်)
Nikon D700 နဲ့ Canon 5D Mark II စသဖြင့် သူ့ Line Up နဲ့ သူ ယှဉ်မှသာ အဖြေမှန်ကို ရပါလိမ့်မယ်…။
Pro Level Camera နဲ့ Pro Level မဟုတ်တဲ့ Camera ဘာကွာသလဲ ဆိုရင်တော့ Sensor ပါပဲ..။
Pro Level Camera တွေမှာ Full Frame Sensor (35mm) ပါဝင်နေတာဖြစ်ပြီး..။
Entry Level က အစ High End Semi-Pro အဆုံး Canon မှာဆို APS-C 1.6x crop sensor (Canon မှာ APS-H ဆိုတာရှိပါသေးတယ် 1D Series ပါ…။ 1Ds နဲ့ မဆိုင်ပါ..။
1Ds က Full Frame ပါ..။) နဲ့ Nikon မှာ ဆို DX 1.5 Crop Sensor တွေသာပါမှာ ဖြစ်ပါတယ်..။Sensor ကွာတော့ ပုံ quality သိသိသာသာ ကွာသွားပါတယ်..။
အထူးသဖြင့် ISO များများတင်ရိုက်တဲ့အချိန်မှာ သိသိသာသာကြီး ကွာသွားပါတယ်..။
ဒီလောက်ဆိုရင် DSLR တွေအကြောင်းကို နဲနဲ တီးမိခေါက် မိလောက်ရှိသွားပြီ ထင်ပါတယ်…။ ကျနော်အခုရေးပြတာမှာ ကျနော်သိသလောက် ဖတ်ဖူးသလောက်အွန်လိုင်းပေါ်ကဓါတ်ပုံဆောင်းပါးများကို Notes အနေနဲ့သိမ်းထားတဲ့စာတိုမှတ်စု ဗဟုသုတနည်းနည်းလေးနဲ့ရေးထားတာမို့လို့ လိုအပ်ချက်တွေလည်းရှိမှာပါ ။ ပိုပြီးပြည့်စုံသွားအောင် သိနားလည်ချင်သူများက Aperture 21 ကဲ့သို့ ပညာရှင်တွေရဲ့ photography page များမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ် ။ကျနော်လည်း သူတို့ဆောင်းပါးတွေထဲက collect လုပ်ပီး တင်ပြထားတာပါ ။
နိဂုံးအနေနဲ့ ကင်မရာ စ ၀ယ်မယ့်သူများအနေနဲ့ ကျွန်တော် အပေါ်က ပြောခဲ့တာတွေအားလုံးကို လေ့လာသုံးသပ်ပြီးမှ ကိုယ်ဘယ်လောက်အထိရိုက်ချင်တာလဲ ဆိုတာစဉ်းစားပီး ၀ယ်စေချင်ပါတယ်..။
Photography ဟာ ငွေကုန်ကြေးကျများတဲ့ဝါသနာ ( Expensive Hobby ) တစ်ခုဖြစ်တဲ့အတွက် ၀ယ်ပြီးမှ ကိုယ်နဲ့ အဆင်မပြေ အသုံးအတည့်ရင် အရှုံးကြီးပါလိ့မ်မယ်.။
ဝယ်လိုက် မကြိုက်လို့ ပြန်ေ၇ာင်းလိုက် လုပ်ရင် ကိုယ့်အတွက် နှစ်ခါ နစ်နာပါတယ်..။ ဒါကြောင့် လွယ်လွယ်ကူကူ Canon မှာဆိုရင် (650D, 700D ) ၀ယ်လိုက်..။
Nikon မှာဆို D5200 ၀ယ် ဘာညာဆိုပြီး (ဖြစ်နိုင်ရင်) ကျွန်တော် အကြံမပေးလိုပါဘူး..။
ဘာလို့လဲဆိုတော့ Camera သမားတိုင်းဟာ Entry Level Camera ၀ယ်ပြီး သိပ်မကြာခင် (၁ လ ၂ လ ) အတွင်းမှာတင် Semi-Pro ကို စ ပြောင်းချင်လာပါတယ်..။
အဲ့ဒီ့ အခါ အောက်ဈေးနဲ့ ကိုယ့်ကင်မရာကို ရောင်းရတဲ့အတွက် တစ်ခါရှုံး..။ Semi Pro တွေက ဈေးမြင့်တဲ့ အတွက် တစ်ခါ ထပ်ကုန်နဲ့ နှစ်ခါ နာတတ်ပါတယ်..။
ဒါကြောင့် သေသေချာချာ စဉ်းစားပြီးမှ ၀ယ်စေချင်ပါတယ်..။
အရေးကြီးဆုံးအချက်ကတော့ ကိုယ့်မှာသုံးမယ့် ငွေအနေအထားနဲ့ ကိုယ်လိုချင် ရိုက်ချင်တဲ့ ဓာတ်ပုံအမျိုးအစားကို ချိန်တွက်ပြီး ၀ယ်တတ် ဖို့လိုပါတယ်….။
စိတ်ထဲမှာ အမြဲတမ်းမှတ်ထားဖို့ကတော့ ~
“သူဘာ Camera သုံးလဲဆိုတာထက်..။ သူဘယ်လိုရိုက်သလဲ…။ ကင်မရာ နောက်က လူက ဘာလဲ” ဆိုတာပဲ ဖြစ်ပါတယ်..။

ကွန်ပြူတာ ဗိုင်းရပ်စ်များအကြောင်း

ကွန်ပြူတာ ဗိုင်းရပ်စ်များအကြောင်း
Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခု ဖြစ်ပြီးကွန်ပျူတာ တစ်ခုကနေတစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ် လူတွေမှာ Virus ကူး သလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့System ကို ပုံမှန်အလုပ်မလုပ်အောင် နှောက် ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက် ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ် စ တာတွေကို လုပ်ဆောင်ပါတယ်..
ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ် ဥပမာ.. chrome. exe, system.bat,flashy.com စသဖြင့်ပေါ့သူတို့ဟာ ကွန်ပျူတာထဲမှာ ရှိနေရင် တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိ ခိုက်နိုင်ပါဘူး ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ Virus ပျံ့နှံ့နိုင်တဲ့နည်းလမ်းတွေကတော့ အမျိုးမျိုး ရှိပါတယ်...forward E-mail က attached file တွေ၊ memory stick (flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ အချင်းချင်း မ သိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေစသဖြင့်ပေါ့…
Malware
Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကို ပေါင်းစပ်ပြီး ကွန်ပျူ တာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲ့ဒီ Malware က ကွန်ပျူတာပိုင်ရှင်ရဲ့ခွင့်ပြုချက်မရပဲ၊ မသိစေပဲ single computer / server / com puter network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင်၊ အနှောက် အ ယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်..Malware တစ်ခုမှာ Computer Virus , Worms, Trojan Horses, Most Rootkits, Spyware, Dishonest Adware, Crimeware and Other Malicious and Unwanted Software တွေ ပါဝင်လေ့ ရှိပါ တယ်..
Worm
Worm ဆိုတာက virus နဲ့ ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့ လည်းခေါ်လို့ ရပါတယ် သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုး မဟုတ် ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြား ကွန်ပျူတာတွေကို လူရဲ့ လုပ် ဆောင်ချက် လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ် အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေ တယ်.. Computer ရဲ့ System memory usage တွေ များလာစေတယ်.. network band width တွေကို တက်လာစေတယ်... Run ထားတဲ့ program တွေကို Not Respon ding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ Worm ကတော့ Blaster worm ပါ.. Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..
Trojan Horse
Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်.. ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Soft ware တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့... Game တစ်ခုကို Install ပြီး ဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒီ Game ကို Trojan horse လို့ ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ ပြောရလိုဖြစ်နေတာပေါ့.. Trojan horse တစ်ခု ဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်..
 Remote Access
 Data Destruction
 Downloader/dropper
 Server Trojan (Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
 Disable security software
 Denial-of-serviceattack(Dos)
Spyware
သူကတော့ သူခိုးပေါ့နော်.. သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အ ရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ ပေးနေ တယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါ တယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေ များနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလို လိုပွင့်လာမယ် စသဖြင့်ပေါ့... တစ်ချို့ လူတွေက http cookie တွေကို Spyware တွေ လို့ ထင်ကြပါတယ်.. တကယ်တော့ မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spy ware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့် Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ … Spyware ကိုကာကွယ် ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကိုရှောင်တာကောင်းပါတယ်...
Adware
Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင် ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်...
Crimeware
Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေ ထဲမှာ ပါ ပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေး ကြတာများပါတယ်..သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့ လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုး ယူနိုင်တာပေါ့.... ဥပမာပြောရရင်.. ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ ဟာ Crimeware အမျိုးအစားတွေပဲ ဖြစ်ပါတယ်.. အထက်ပါ ComputerVirus အကြောင်းများကို စာဖတ်သူများ ဗဟုသုတ ရစေရန် ရည်ရွယ်၍ ရေး သားလိုက်ရခြင်းဖြစ်ပါသည်။

computer မှာ CD/DVD Drive ပျောက်နေတယ်ဆို ဒီနည်းလေးနဲ့ ဖြေရှင်းလိုက်ပါ

သင့်ကွန်ပျူတာမှာ CD/DVD Drive မပေါ်တော့ရင်

သင့်ကွန်ပျူတာမှာ CD/DVD Drive ရဲ့ Driver က Virus ကိုက်သွားမယ်ဆိုရင် Drive က အသုံးပြုလို့ရတော့မှာမဟုတ်ပါဘူး ။ Windows တက်နေတဲ့ အချိန်မဟုတ်တဲ့ တခြားအချိန်တွေမှာတော့ သုံးလို့ရပါတယ် ။ အဲလို ပြသနာမျိုးဖြစ်လာပြီဆိုရင် ခုနည်းလမ်းကို မသိခဲ့ဘူးဆိုရင်တော့ သင့်ကွန်ပျူတာကို သေချာပေါက် Windows ပြန်တင်ရမှာပါ ။

ကဲ အချိန်ကုန်သက်သာတဲ့ နည်းလမ်းလေးကို မှတ်ထားလိုက်ကြရအောင်

၁။ Run ထဲမှာ Regedit လို့ရိုက်ပါ ။ Registry Editor ကျလာပါမယ်။
၂။ HKEY LOCAK MACHINE \ SYSTEM \ CURRENT CONTROL SET \ CONTROL \ CLASS ထဲကို ၀င်ပါ။
၃။ အဲဒီနေရာကို ဖြန့်ချလိုက်ပါ။ {4d36e965-e325-11ce-bfc1-08002be10318} ကိုတွေ့အောင်ရှာပါ။
အပေါ်နားလေးမှာပဲ ရှိပါမယ်။ သူ့ကို ရွေးပါ။
၎။ ရွေးလိုက်ရင် သူ့ရဲ့ဘေးမှာ Lower Filters , Upper Filters စာလုံးတစ်ခုခုကို တွေ့ရပါလိမ့်မယ်။
၅။ Lower Filters ကို Right Click လုပ်ပါ ။
၆။ Delete ကိုရွေးပါ။
၇။ စက်ကို Restart လုပ်ပါ။

သင့်ကွန်ပျူတာမှာ Virus ကြောင့် Driver ပျောက်နေတဲ့ CD/DVD ပြန်ပေါ်လာပါပြီ


ကျေးဇူးတင်ပါတယ်..ကျွန်တော်ဆရာမဟုတ်ပါ
အမှားပါရင်နားလည်ပေးပါ 

အင်တာနက်လိုင်း မြန်အောင်လုပ်နည်း

အင်တာနက်လိုင်း မြန်အောင်လုပ်နည်း
=====================
နဂိုရှိမှ နားကိုင်းထွက် ဆိုသလို နဂိုအဝင် အင်တာနက် လိုင်းမကောင်းရင် ကိုယ်ရမယ့် Output အင်တာနက်လိုင်းကလည်း မကောင်းနိုင်ပါဘူး။
ဒီကြားထဲ Waste ဖြစ်သွားတာတွေလည်း မိမိ ကွန်ပြူတာ တစ်လုံးတည်းမှာ တင် အများကြီးရှိနေတတ်တော့ မကောင်းတဲ့ ကော်နက် ရှင်က တက်ကို မလာဘူး ဖြစ်သွားရပါရော။ ဒီလို အလဟဿ ဖြစ်သွားမယ့် Bandwidth တွေကို Waste မဖြစ်ပဲ အပြည့်အဝ အသုံးချလိုက်ရင် အင်တာနက် ကော်နက်ရှင်က အနည်းနဲ့အများ ပြန်တက် လာမှာတော့ အမှန်ပါပဲ။ လုပ်ပုံလုပ်နည်းလေးက အောက်ပါ အတိုင်း ဖြစ် ပါတယ်။
၁။ Bndwidth မြင့်ခြင်း
ှStart Menu >Run > gpedit.msc ဟူသော စာကို ရိုက်> Enter ခေါက်။ Screen ဘယ်ဘက်က administrative templates ကိုရွေး> Network ကိုရွေး> QoS packet scheduler ကို click နှိပ်>limit reservable bandwidth ကို click နှိပ်။ Enabled ပြောင်း၊ Bandwidth ကို 0 သို့ထား။
လက်ရှိ အင်တာနက် မြန်နှုန်းထက် ၂၀ ရာခိုင်နှုန်းတက်ပါတယ်။
၂။ Window network socket reset လုပ်ခြင်း
OS တစ်ခုကနေ အချက်အလက်တွေကို ပို့ဖို့အတွက် network socket များအား အသုံးပြုပါတယ်။ သူတို့က ကြာလာရင် overload ဖြစ်ပြီး အင်တာနက်အသုံးပြုရလေးစေပါတယ်။
run>cmd ရိုက် enter ခေါက်> command prompt တက်လာရင် netsh winsock reset စာကိုရိုက် Enter ခေါက်> ပြီးရင် ကွန်ပြူတာကို Restart လုပ်ရပါမယ်။
ဒီလောက်ဆိုရင်မြန်သင့်သလောက် မြန်လာမယ့်လို့ ထင်ပါတယ်။ အခြားနည်းလမ်းများ ရှိရင်လည်း စာဖတ်သူတို့ လာရောက် မျှဝေ နိုင်ပါတယ်။